ပူတာအိုမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဟောပြော




MNP -   ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသူကျောင်းသားများ လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ သိရှိနားလည်လာပြီး ရှောင်ရှားတတ်လာစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနားလည်နိုင်စေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းမှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ကျင်းပ သည်။


ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူက လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိ သောပုံစံများ၊လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လူကုန်ကူးမှုမြောက်စေသော ပြစ်မှုအင်္ဂါ (၃) ရပ်နှင့်လူကုန်ကူးမှုတားဆီးနှီမ်နှင်းရေးဥပဒေ အခန်း(၁၀)ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို ပရိုဂျက်တာ ဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောပြီး ပူတာအိုမြို့ အမှတ်(၉၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပူတာအို)မှ ဒု-ရဲအုပ် ချမ်းမြေ့အောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်အချက်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေး ဟောပြောသည်။


အဆိုပါဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းလှမောင်၊ သင်တန်းကျောင်းနည်းပြဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားစုစုပေါင်း အင်အား(၁၆၂) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


ဖုန်ကန် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)