ဒိုက်ဦးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


MNP  -  ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အမှတ် ၄ ကျောင်းစုရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ် ၆ မင်းတဲရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ် ၆ မင်းတဲရပ်ကွက်ဘောလုံးအသင်းမှအမှတ် ၄ ကျောင်းစုရပ်ကွက် ဘောလုံးအသင်းအား ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။


ဆက်လက်၍ တတိယဆုဆွတ်ခူးရရှိသော ပျဉ်းမလွင်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်ထွဋ်မြင့်ကလည်းကောင်း၊ ဒုတိယဆုဆွတ်ခူးရရှိသော အမှတ် ၄ ကျောင်းစု ရပ်ကွက် ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နောင်ဦးက လည်းကောင်း၊ ပထမဆုဆွတ်ခူးရရှိသော အမှတ် ၆ မင်းတဲရပ်ကွက်ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်ဆန်းဦးက ဆုတံဆိပ်များနှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက်ပွဲစဉ် တစ်‌လျှောက်အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း အကောင်းဆုံးအားကစားသမားဆု၊ အနောက်တန်း အကောင်းဆုံးအားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးသမားဆုတို့အား ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ် ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးဝါသနာရှင်များ စုစုပေါင်း အင်အား(၃၀၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)