(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ




MNP  -   ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ဆင်ဖြူကျွန်းကျောင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။


အဆိုပါစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲတွင် အများပြည်သူလူထုနှင့် ကျောင်းသား/သူလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် ကျောင်းတွင်းဘာသာရပ်ပညာရေးသာမက၊ ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ဖြန့်ဝေပြသထားရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူကလေးများမှ စိတ်ဝင်တစားကြည့်ရှုလေ့လာဖတ်ရှုကြသည်။ အဆိုပါပြပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့်ကျောင်းသား/ သူကလေးငယ်များကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေရခြင်းဖြစ်သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ကဗျာ၊  ဗိုလ်ချုပ်အောင်ဆန်း၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကာတွန်းများ စသည့်အချက်များပါဝင်ကြောင်း၊ သတင်းစကားလက်ကမ်းစာစောင်ကို ရုံးချုပ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ(၂၀၀၀၀၀)အခမဲ့ထုတ်ဝေခဲ့ကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများထံသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ပြုလုပ်မည့် (၇၆)နှစ် ပြည်ထောင်စုနေ့အခမ်းအနားတွင်လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)