မိုးနဲမြို့နယ်၌ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ


MNP   -    ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်ပြဘုတ်၌ ယနေ့ကျရောက်သော မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ ညနေအချိန်က စတင်ပြသခဲ့ကြောင်းသိရသည်။


အဆိုပါနံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံ အကြီးအကဲများတွေ့ဆုံမှုမှတ် တမ်းများပါရှိသည့် မှတ်တမ်းဓာတ်ပုံများပါရှိပြီး ပြည်သူများလာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။


မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးရှေ့မြေစိုက်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ အသိပညာပေးအကြောင်းအရာများကို  အများပြည်သူသိရှိစေရန် ပြသလျက်ရှိကြောင်းသိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)