MNP - ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ခရိုင်/မြို့နယ် ဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တစ် ပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ ပထမအကြိမ်မြောက် မြန့်မာရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အသင်း(၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိ သည့် အဖွဲ့များအား ပထမဆု ငွေကျပ် ၃ သိန်း ၊ ဒုတိယဆု ငွေကျပ် ၂ သိန်း ၊ တတိယဆု ငွေကျပ် ၁ သိန်း ၊ နှစ်သိမ့်ဆု ငွေကျပ် ၅ သောင်း ကျပ်တို့အား ဆုများ အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment