ညောင်တုန်းမြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP   -  ဖေဖော်ဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်၊ လူငယ်နဲ့ရည်မှန်းချက်၊ လူငယ်နဲ့စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအား ကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် စာအုပ်စာစောင်နှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပြီး အသိပညာပေးနယ်လှည့်နံရံကပ် စာစောင်များပြသခြင်းနှင့် အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထက်ဝေဖြိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)