မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရရှိမှုအခြေအနေများအား ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရရှိမှုအခြေအနေများအား ဆွေးနွေး



MNP   -    ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိစေရေး ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရရှိမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ဘားအံမွေးမြူရေးဇုန်သည် ပြည်နယ်အတွင်း အသားထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ဒေသတွင်း စားသုံးမှုဖူလုံပိုလျှံကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ မွေးမြူရေးထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် ဇုန်တစ်ခုဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ ဈေးကွက်ရရှိမှုအခြေအနေ၊ တိရိစ္ဆာန်အစာဈေးနှုန်းနှင့် သဘာဝအစာရရှိနိုင်မှုအခြေအနေ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ပြန်လည်ရရှိသည့် အကျိုးအမြတ်များ၊ ဘားအံမွေးမြူရေးဇုန်၏ လစဉ်မွေးမြူထုတ်လုပ်မှုအခြေအနေ၊ တိရိစ္ဆာန် စွန့်ပစ် ပစ္စည်းများမှတစ်ဆင့် သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် မွေးမြူရေးတောင်သူများက ဇုန်အတွင်း မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေ၊ မီး ရရှိမှုအခြေအနေ၊ မွေးမြူရေးအစာ၊ ဆေးဝါးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ တောင်သူလိုလားချက်နှင့် မြေပြင်ကြုံတွေ့နေရသည့် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမွေးမြူရေးဇုန်အတွင်း ဒေသကြက် ၂၀၆၀ ကောင်၊ ဥစားကြက် ၁၅၅၀၄ ကောင်၊ နွား ၃၆၃ ကောင်၊ ဆိတ် ၁၅၁၆ ကောင်၊ သိုး ၁၄ ကောင်မွေးမြူထားရှိမှု အခြေအနေနှင့် တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် သဘာဝမြေဩဇာထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးခြံ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ မွေးမြူရေး တောင်သူများ ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)