(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်စာစောင်များပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်စာစောင်များပြသ


MNP   -  ဖေဖော်ဝါရီ ၁၇

၂၀၂၃ခုနှစ် ဖေဖော်ဝါရီ၁၈ရက်နေ့တွင် ကျရောက်မည့် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများအား ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။


အဆိုပါနံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့်တွေ့ဆုံမှု မှတ်တမ်းများ၊ စီးပွားရေးအမြင်ဖလှယ် ဆောင်ရွက်ချက်များ၊ အစည်းအဝေးပွဲတက်ရောက်မှု မှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှုမှုမှတ်တမ်းများအား ပြသထားရာစိတ်ပါဝင်စားစွာ မြို့နယ်နေပြည်သူများ လာရောက်ကြည့်ရှုနေကြကြောင်း တွေ့ရသည်။


ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမ ဝန်ထမ်းများအနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ့များအသိပညာဗဟုသုတတိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်း ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံ‌တော်ဖွံ့ဖြိုးတိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား သိရှိနိုင်စေရန် လစဉ်ပြသပေးလျက်ရှိကြောင်း‌ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ထံမှ သိရသည်။


ကျော်သူရ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)