MNP - ဖေဖော်ဝါရီ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ တောင်တန်းသာသနာပြု(ဗဟို)ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ တို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment