တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် စေတီတော်မြတ်ကြီး၊ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် စေတီတော်မြတ်ကြီး၊ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးအတွက် အလှူငွေများ လှူဒါန်း



MNP ၊ ဖေဖော်ဝါရီ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် စေတီတော်မြတ်ကြီး၊ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် သမိုင်းဝင်ရွှေဆံ တော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဂန္ဓဝင်ကိုးခန်း သိမ်တော်ကြီး၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ သမိုင်းဝင်မြတ်စောညီနောင်စေတီတော်မြတ်ကြီး ဂေါပကဉက္ကဋ္ဌ က နောင်တော်ကြီးစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရောင်တော်ဖွင့်ခြင်း၊ ရွှေစင်ရွှေပြား၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်းနှင့် အရံစေတီတော်များအား ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းများနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အလှူရှင်များက နောင်တော်ကြီး စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)