ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိ


MNP   -    ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဒေသတွင်းရှိ တောင်သူများ ဆီထွက်သီးနှံနေကြာအား စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မျိုးကောင်းမျိုးသန့်နေကြာသီးနှံ ဖြန့်ဖြူးပေးနိုင်ရေး အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးသန့်ခြံစိုက်ပျိုးမြေ၌ ရေဆင်း(၁) စပ်မျိုးနေကြာသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထား ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ် ထံမှ သိရသည်။


ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ)အနေနဲ့ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ တောင်သူတွေ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်နေကြာသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီးတော့ မျိုးသန့်ခြံစိုက်ပျိုးလယ်မြေတွင် ရေဆင်း(၁)စပ်မျိုးနေကြာကို ဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားပါတယ်။ ယခု စိုက်ပျိုးဆောင်ရွက်ထားရှိတဲ့ နေကြာသီးနှံစိုက်ခင်းမှ ထွက်ရှိတဲ့သီးနှံများကို စနစ်တကျ ရိတ်သိမ်းခြွေလှေ့ပြီးတော့ မျိုးသန့်စင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ မျိုးသန့်မျိုးစေ့အဖြစ်ရရှိလာတဲ့ နေကြာသီးနှံမျိုးစေ့များကို တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးလိုတဲ့ တောင်သူဦးကြီးတွေကို ဖြန့်ဖြူးရောင်းချ ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မျိုးသန့်ခြံက နှစ်စဉ်လည်း တိုင်းဒေသကြီးအတွင်းရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့နဲ့ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး မနောသုခ ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်းစပါးမျိုးကွဲလေးမျိုးနဲ့ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂)ကုလားပဲ မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုး ထုတ်လုပ်ပြီးတော့ တောင်သူတွေကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါတယ်။ ယခုလို ဆောင်ရွက်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်ပြီး ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ထက်တစ်နှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေ တိုးတက်လာစေဖို့နဲ့ နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ် က ပြောသည်။


ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ စပါး၊ ကုလားပဲ သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) စိုက်ပျိုးလယ်မြေတွင် စပါးမျိုးကောင်းမျိုးသန့်နှင့် ကုလားပဲမျိုးကောင်းမျိုးသန့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်၍ ဒေသခံတောင်သူများထံ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းသီးနှံတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေမည့် မျိုးကောင်းမျိုးသန့်နေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန် ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရကာ ယခုအခါ နေကြာသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)