ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့်ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့်ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

 




MNP  -     ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ရမည်းသင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝါးဖြူတောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်လာရောက်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၂)ခုမှတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူ လူထုနှင့်ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ဆွေးကြသည်။


ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့်လုပ်ငန်းများကိုဆောင် ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူ (၂၇၃)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေကုသခြင်းနှင့် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး (၁၁၇)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)