တာမွေမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ





MNP   -   ဖေဖော်ဝါရီ      ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူများ အနေဖြင့်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်း အင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန်၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသား လူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်  တက်ညီလက်ညီလက်တွဲ ဆောင်ရွက်နိုင်စေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်း လုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက် လာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှ ထုတ်ဝေသည့် ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ ( ၁၂ )ရက်နေ့တွင် ကျရောက်မည့် " (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ " အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါလက်ကမ်းစာစောင်တွင် “ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့” အတွက် အမှာစကားများ၊  (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ ( ၁၂ )ရက်နေ့တွင် ကျရောက်မည့် " (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ " အထိမ်းအမှတ်  ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)