(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့ ကြက်ဈေးခွဆုံ၌ မီးပွိုင့်တပ်ခြင်းလုပ်ငန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့ ကြက်ဈေးခွဆုံ၌ မီးပွိုင့်တပ်ခြင်းလုပ်ငန်း ဖွင့်လှစ်






MNP   -    ဖေဖော်ဝါရီ  ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဦးဥတ္တမလမ်း ၊ ကြက် ဈေးခွဆုံနေရာ၌ မီးပွင့်ပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကိုယနေ့ နံနက် ၆ နာရီ ၃၀မိနစ်အချိန်က ကြက်ဈေးရပ်ကွက် ကမ္ဘာ့ရတနာဘဏ်ရှေ့၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးပြီးဖြစ်ပါ၍ မီးပွိုင့်ဖွင့်ပွဲအခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း  သိရသည်။


မြောက်ဦးမြို့တော်သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့်နှင့်အညီ မြောက်ဦးမြို့ ရှိ ဒေသခံပြည်သူများအား ယဉ်ကြော့ပိတ်ဆို့ရေးမဖြစ်စေရန် နှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ လိုက်နာမှုရှိစေရန်အတွက် မီးပွိုင့်တပ်ခြင်းဖြစ်ပြီး  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၏ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ပြီး၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ၁၈ ဒသမ ၄၀ သန်းဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။


အခမ်းအနားကို နမောတသ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသော ဆရာတော် သင်္ဃာတော်များထံမှ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်သင်္ဃနာယက ဥက္ကဌ ရွှေထီး ဆောင်း ဆရာတော်အရှင်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


 ကြွရောက်လာကြ သော ဆရာတော် သင်္ဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူးဖော်၍ လှူဖွယ်ဝတ္တုများဆပ်ကပ်ပူဇော်ပြီး နန်းသားကန်ဆရာတော်ကြီးမှ လှူဖွယ်ဝတ္တုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။    


အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အတွင်းရဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် တို့မှ အမွှေးနံ့သာရေများဖြင့် ပတ်ဖြန်းခဲ့ကြပြီး ယဉ်အ သွားအလာများကို ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာစေရန်တည်ဆောက် ခြင်းဖြစ်ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)