MNP - ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ် တိုက်မော်ကျေးရွာ အုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူ ဒေါ်သိန်းကြွယ် တို့ပူးပေါင်းဆောင်ရွက်ထားသော ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိုက်မော်ကျေးရွာအုပ်စုရှိ ဒေသခံအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖုံလုံရေးနှင့်တဖက်တလမ်းမှ ဝင်ငွေရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်၍ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် နည်းပညာမျို့စေ့နှင့်သွင်းအားစုများကို ရယူပြီးဆောင်းနေကြာစိုက် ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရသည်။
ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးမောင်မောင်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံတောင် သူများပူးပေါင်း၍ ဆောင်းနေကြာ စိုက် ခင်းအားရိတ်သိမ်းခဲ့ရာ စံကွက် ၁ ဧက ပျမ်းမျှ အထွက်နှုန်းမှာ ၂၅.၃၈ တင်း ထွက်ရှိကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment