(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲဆုပေးပွဲ အခမ်းအနားကျင်းပ


MNP  -    ဖေဖော်ဝါရီ ၄

 (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် ဗလာမပါကံစမ်းမဲ ဆုပေးပွဲအခမ်းအနားကို ယမန်ရက်နေ့ နေ့လယ်(၃)နာရီက မကွေး ခရိုင်အားကစားကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်အသင်းများအဖြစ် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၊ မကွေးတပ်နယ်မိသားစုအသင်းအဖွဲ့နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်အသင်းအဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


‌ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနအလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား တစ်ပျော်တစ်ပါး ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ် ပြည်သူများအား ဗလာမပါကံစမ်းမဲ ဖောက်ပေးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးကာ၊ ရေခဲသေတ္တာ၊ တီဗွီ၊ ပန်ကာ၊ ပေါင်းအိုး၊ မီးပူ စသည့် ဆုရရှိသည့် ကံထူးရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ဆုပေးပွဲကျင်းပရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ ထမနဲထိုးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းအဖွဲ့များအား မကွေးတပ်နယ်မှူး  ဗိုလ်မှူးကြီး ရဲနောင်ထွန်း၊ အတွင်းရေးမှူး ဦးသန်းဆွေင်း၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းရင်းသားရေးရာသန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ တတိယဆုရရှိသည့် လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ အသင်းအား လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများအသင်းအား စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်ကလည်းကောင်း၊ ပထမဆုရရှိသည့် တပ်နယ်ကိုယ်စားပြုအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာရိုးရာထမနဲပြိုင်ပွဲသို့  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဌာနများနှင့်တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ထမနဲထိုးပြိုင်ပွဲဝင် အသင်းများထိုးသည့် ထမနဲများကို ယနေ့နံနက်ပိုင်းတွင် မြသလွန်စေတီတော်မြတ်ကြီးတွင် ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းမည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ဌာနဆိုင်ရာများ၊ ကြည့်ရှုအားပေးကြသူများနှင့် ပြည်သူများအား ပျော်ရွှင်ဖွယ်ရာ ဗလာမပါကံစမ်းမဲများ မဲဖောက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဆုမဲများအနေဖြင့် TV(၁၃)လုံး၊ ရေခဲသေတ္တာ (၁၃)လုံး၊ ပန်ကာ (၁၃)ခု၊ ပေါင်းအိုး(၁၃)လုံး၊ မီးပူ(၁၃)လုံး စုစုပေါင်း ပစ္စည်း တန်ဖိုး ၁၄၅၃၄၀၀၀/-ကျပ်နှင့် ၅၀၀၊ ၁၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ ကျပ် ငွေသားဆုမဲ(၁၅၆၀) ဆုမဲ‌စုစု‌ပေါင်း ငွေသားတန်ဖိုး ငွေကျပ်(၃၈၂၂၀၀၀/-)ပစ္စည်းနှင့်ငွေသား စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၃၅၆၀၀၀/-အား မဲ‌ဖောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 မောင်ညီညာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)