တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများပြသ


MNP   -    ဖေဖော်ဝါရီ ၁၉

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတော်းအကြီးအကဲများ၏ ဆောင်ရွက်မှုများ၊ နေ့စဉ်ထုတ်သတင်း သတင်းစာများ၌ ပြည်သူများလေ့လာသင့်သည့် အကြောင်းအရာများ၊ မြို့နယ်ရုံးလှုပ်ရှားမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၇၅)နှစ်မြောက် မြန်မာ-ရုရှား  သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်  မှတ်တမ်းဓာတ်ပုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာ သံတမန်ဆက်ဆံရေးဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်းသိရသည်။


အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်မှတ်တမ်းဓာတ်ပုံများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ရုရှားသမ္မတနှင့် တာဝန်ရှိသူတို့၏ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံတွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ရလာဒ်ကောင်းများရရှိရေး ဆွေးနွေးမှု မှတ်တမ်းများ ပြသထားကြောင်း သိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)