မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ


MNP  -   ဖေဖေါ်ဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ကပ်လှူ ပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီက မြန်အောင်မြို့ဝေဠုဝန် ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာ ဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ချစ်မောင်တို့က ဖဲကြိုးဖြတ်၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက်ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ဌာနဆိုင်ရာအသင်း(၁၇)သင်းတို့က စုပေါင်းပျော်ရွှင်စွာ ထမနဲထိုးပြိုင်ခဲ့ကြသည်။ ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်တို့က ပထမဆုရ မြို့မတဲကြီးကုန်းကျေးရွာအုပ်စု အသင်းအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်တို့က ဒုတိယဆုရလဝက၊ တိုင်းရင်းဆေး၊ လူမှုဝန်ထမ်း၊ သာသနာရေးဌာနအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်၍ မြန်အောင်ခရိုင်/မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တတိယဆုရ အမှတ်(၃)ရပ်ကွက် အသင်းအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြန်အောင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးသော ရပ်မိရပ်ဖများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြေကြာင်း သိရသည်။


ဝင်းဗိုလ်မြန်အောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)