MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၏ ကျက်သရေဆောင် အမ်း -မအီလမ်းမြို့အဝင်(၁) မိုင်ကုန်းတော်ပေါ်၌ တည်ထား ကိုးကွယ်လျက်ရှိသော သဗ္ဗဇယျမုနိ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကုန်းတော်ပရဝုဏ်နှင့်ပတ်ဝန်းကျင်၌ အများသူငှာ စိတ်ချမ်းမြှေ့စွာဖြင့်ဘုရား ဖူးကု သိုလ်ယူ အပန်းဖြေနိုင်စေရန်နှင့်မြို့ဝင်လမ်းသန့်ရှင်းသာယာလှပရေးအတွက်ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းကုသိုလ်ယူ သန့်ရှင်းရေး ဆောင် ရွက်ခဲ့သည်။
အဆိုပါသန့်ရှင်းသာ ယာလှပရေးစု ပေါင်း ဆောင် ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိ ယတိုင်း မှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ကဦးဆောင် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်းများက ပူးပေါင်း၍ ဘုရားကုန်းတော်ပရဝုဏ်ပတ်ဝန်းကျင်များအား
သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ် ပေါင်းမြက်များအားခုတ်ထွင်ရှင်း လင်းခြင်းအမှိုက်ကောက်ခြင်းများနှင့်မြို့ဝင်လမ်းဘေးဝဲယာလမ်းတလျောက်အမှိုက်ကောက်ခြင်းများအား စုပေါင်းေဆာင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီး ရပ်ကွက်အတွင်းမှပြည်သူများဌာနဆိုင်ရာများမြို့ပေါ်ရပ်ကွက်အတွင်း ရှိစာရုတောင်စေတီတော်တို့၌လည်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment