မြောက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်း စစ်ဆေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်း စစ်ဆေးလျှက်ရှိ




MNP   -   ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ဆူးရာဇ်ချောင်းကျေးရွာရှိ ဟာလာဆန်စက်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦစီးဌာန မှ ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ က မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိပြုရေး၊ လျှပ်စစ်ဝါယာကြိုးများစနစ်တကျသွယ်တန်း ထားမှု ၊ မီးပလပ် ခလုတ်များအား ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီး သတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ် ၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း နှင့် မီးဘေး လုံခြုံရေး နှင့် အရေးပေါ်လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ်ထွက်ပေါက်များထားရှိရေး ၊ မီး ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မတော်တဆမီးလောင် မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မှီ ဆက်သွယ်အကြောင်းကြားနိုင်ရန်တို့ကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)