လင်းခေးတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားပြုလုပ်


MNP  -    ဖေဖော်ဝါရီ ၁၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊‌ လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လေဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါခရိုင်ဦးစီးဌာနမှူး ရုံးအစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။‌ ဆက်လက်၍ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက လေပြင်းဘေး ကြိုတင်ကာကွယ်ရေးစီမံချက်အား ရှင်းလင်း တင်ပြခဲ့ပါသည်။


ဆက်လက်ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းနှင့် တာဝန်ရှိသူတို့က လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်(၁၂)သိန်း၊ နားကုန်းကျေးရွာအုပ်စုအတွက် ကျပ်(၁၂)သိန်း၊ ပုန်းထွန်ကျေးရွာအုပ်စုအတွက် ကျပ်(၁၂)သိန်း၊ ဒါးဆိပ်ကျေးရွာအုပ်စုအတွက် ကျပ်(၁၂)သိန်း၊ လင်းခေးမြို့ဝမ်လွိုင်(မြို့ဦး)ရပ်ကွက်အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၆)သိန်းနှင့် ရွာမကြီးအနောက် (မြို့မနောက်)ရပ်ကွက်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၆)သိန်း အသီးသီးတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။


ယင်းနောက်တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊”နမ့်ခုံး”ရှမ်းများ ပရဟိတ(အသင်းခွဲ)လင်းခေးမြို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ လင်းခေးခရိုင်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ စုစုပေါင်းအင် အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)