ရမ္မာဝတီမြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ္မာဝတီမြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်





MNP   -   ဖေဖေါ်ဝါရီ     ၁၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ္မာဝတီမြို့မဈေးအတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ရမ္မာဝတီမြို့မဈေးအတွင်းမီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းထားရှိမှုများစနစ်တကျရှိ/မရှိစစ်ဆေးခြင်း၊ ဝါယာကြိုးများဟောင်းနွမ်းပေါက်ပြဲပျက်စီးမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူးများစနစ်တကျချိတ်ဆွဲထားခြင်းရှိ/မရှိ စစ်ဆေးများနှင့်အတူမီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များချိတ်ဆွဲထားခြင်းများ ရေတွင်း၊ ရေလှောင်ကန်များ၌ရေဖြည့်တင်းထားရှိမှုများကို စစ်ဆေးကြည့်ရှုကြသည်။



၎င်းနောက် ပူးပေါင်းအဖွဲ့တို့သည် မတော်တဆမီးလောင်မှုဖြစ်ပွားပါကမီးငြိမ်းသတ်နိုင်ရေးအတွက်မီးသတ်ဆေးဘူးကိုအသုံးပြု မီးငြိမ်းသတ်နိုင်ရေးအတွက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကသရုပ်ပြဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြသည်၊ ထို့နောက်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များအား စနစ်တကျလိုက်နာကြရန်အသိပညာပေး လမ်းညွှန်မှာကြားပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)