ရခိုင်ပြည်နယ် မောင်တောမြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီ ၊ကာတွန်း ၊ပိုစတာပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီ ၊ကာတွန်း ၊ပိုစတာပြိုင်ပွဲများ ပြုလုပ်





MNP   -   ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည် ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မောင်တော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကိုကိုလေး ၊ အမှတ်(၄၆)မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်သောင်း ၊ ခရိုင်/ မြို့နယ်ပညာရေးမှူး  ၊ ခရိုင်အမျိုးသမီးရေး ရာ အဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူများက လှည့်ပတ်ကြည့်ရှု အား ပေးကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် ၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြု သော အားဖြင့် အထက်တန်း၊ အလယ်တန်း ၊မူလတန်းအဆင့် ပန်းချီ ၊ကာတွန်း ၊ပိုစတာပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ  ခေါင်း စဉ်များ အနေဖြင့် “မူးယစ်ဆေးရန်  တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်” ၊ “မူးယစ်ကင်းစင်တို့ပြည်တစ် ခွင် သာ ယာလှပ လူမှုဘဝ” “ငါ့တို့ရဲ့ အနာဂါတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့” “ မျိုးဆက်သစ်များ တိုး တက်ဖို့  မူး ယစ် ဆေးမှန်သမျှ တိုက်ဖျက်စို့” “ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ” “လူသား ချင်း စာ နာ ကျန်း မာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” စသည့် ခေါင်းစဉ်များဖြင့်  ပန်းချီ ပြိုင်ပွဲတွင်  ကျောင်းသား၊ကျောင်းသူ  ၂၉  ဦး ၊ ကာ တွန်းပြိုင်ပွဲတွင်  ကျောင်းသား၊ ကျောင်းသူ  ၁၀  ဦး ၊ပိုစတာပြိုင်ပွဲတွင်  ကျောင်းသား၊ကျောင်းသူ  ၅  ဦး  စုစုပေါင်း ၄၄ ဦး ကပါဝင်ယှဉ်ပြိုင်ခဲ့ကြရာခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာ ဝင်းက ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)