ပုဏ္ဏားကျွန်းမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ လာရောက်၍(အခမဲ့)ဆေးကုသပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ လာရောက်၍(အခမဲ့)ဆေးကုသပေးမည်



MNP  -   ဖေဖော်ဝါရီ ၂၄

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၏ လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများက ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၌(အခမဲ့)ဆေးကုသပေးမည်။ 


အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့တွင် အထူးကုသမားတော်ကြီး၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုး/အကြောအထူးကုဆရာဝန်၊ မျက်စိ၊ နား၊ နှာခေါင်းအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့်အထွေထွေရောဂါ အထူးကုဆရာကြီးများက ECG နှင့် အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့)ဆေးကုသပေးမည်ဖြစ်ကြောင်း

သိရသည်။


ပုဏ္ဏားကျွန်းမြို့နှင့်ဝန်းကျင်ကျေးရွာတို့မှ အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြသမည့် ဒေသခံပြည်သူ ၁၅၀၀ ဦးခန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကြိုတင်စာရင်းသွင်းထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။ 


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)