နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲ သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲ သို့တက်ရောက်







MNP ၊ ဖေဖော်ဝါရီ ၄

၂၀၂၃ခုနှစ်၊ ၁၃၈၄ခုနှစ် တပို့တွဲလဆန်း(၁၄) ရက် (သောကြာနေ့) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပသည်။


ထမနဲထိုးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယမန်နေ့ကျင်းပပြုလုပ်သော စုပေါင်းထမနဲထိုးပြိုင်ပွဲကို မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းခြင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ စည်းလုံးဟီညွှတ်မှုအားကို ဖော်ကျူးသည့်အနေနှင့်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ စည်းလုံးညီညွှတ်မှုအင်အားကို ဖော်ဆောင်သည့်အနေနှင့်လည်းကောင်း၊ မြတ်စွာဘုရားရှင်နှင့် ဆရာတော်၊ သံဃာတော်များအားလှူဒါန်းရန် ကုသိုလ်ကောင်းမှုတစ်ရပ်အနေဖြင့်လည်းကောင်း၊ မိမိတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်အသီးသီးမှအရာထမ်း၊ အမှုထမ်းများ မိဘပြည်သူများအားလုံး စည်းလုံးညီညွှတ်စွာဖြင့် တစ်သားတည်းရှိနေသည်ကို ပြယုဂ်တစ်ခုအနေဖြင့်လည်းကောင်း၊ ရည်ရွယ်ချက် ပေါင်းများစွာဖြင့် ယခုလိုစုပေါင်းထမနဲထိုးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက်စုပေါင်းထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပူးပေါင်းပါဝင်ပေးကြသည့် ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ကွက်၊ကျေးရွာ အသီးသီးမှ ပြိုင်ပွဲဝင်အဖွဲ့များကိုလည်းကောင်း ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင် လုပ်ငန်းရှင်များအားလုံးကို လည်းကောင်း၊ စည်းလုံးညီညွတ်စွာ အင်အားပြကြသည့် ပြိုင်ပွဲဝင်အဖွဲ့များအားလုံးကိုလည်းကောင်း၊ တက်တက်ကြွကြွနှင့် စိတ်ပါဝင်စားစွာ လာရောက်အားပေးကြသည့် ဧည့်ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ထမနဲထို့းပြိုင်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ထမနဲထိုးပြိုင်ပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သေနတ်ပစ်ဖောက်၍ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထမနဲထိုးပြိုင်ပွဲကို လှည့်လည်ကြည့်ရှုအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ နှစ်သိမ့်ဆု ရရှိသောအသင်း(၁၀) သင်းအားတစ်သင်းလျှင်(၁)သိန်းကျပ်စီ အား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ဆုတံဆိပ်နှင့် ငွေကျပ်(၂)သိန်းကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော စိန်ပန်းရပ်ကွက်အား ဆုတံဆိပ်နှင့်ငွေကျပ်(၃) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှလည်းကောင်း၊ ပထမဆုရရှိသော စာရင်းစစ်ချုပ်ရုံးအား ဆုတံဆိပ်နှင့်ငွေကျပ်(၅)သိန်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီး ဆုမရရှိသောအသင်းများအား တစ်သင်းလျှင် (၅)သောင်းကျပ်စီ ချီးမြှင့်ပေးကြောင်း သိရသည်။


အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ် ရပ်ကွက်(၂၂)ရပ်ကွက် အေးသာယာ၊ရွှေညောင်မြို့နှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ (၇၇)သင်း စုစုပေါင်း(၁၀၁) သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရှိရသည်။


မောင်မောင်သန်း (တောင်ကြီး )

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)