တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ ဆက်လက်ဆောင်ရွက်



MNP ၊ ဖေဖော်ဝါရီ  ၁

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု တတိယနေ့ ကို ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။

ယနေ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုမှာ ဦးသီဟန်သိန်းနှင့် ၎င်း၏အသည်း အလှူရှင်ဖြစ်သော ဦးသူရတို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုးခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်းကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လိုအပ်သောပြုစုကုသမှုများကို အထူးကြပ်မတ်ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ယခင်နေ့ရက်များတွင် ခွဲစိတ်ကုသမှု ဆောင် ရွက်ခဲ့သော အသည်းအလှူရှင် ၂  ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့မှာလည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)