MNP - ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အတန်းပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့၊ ညနေ(၄)နာရီအချိန်က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပေးအပ်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ကျောင်းသူများ စိတ်အပန်းဖြေပျော်ရွှင်ရေး၊ ကျန်းမာရေးကောင်မွန်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ အချင်းချင်းစည်းလုံးညီညွန်မှုရရှိပြီး ပိုမိုချစ်ခင်ရင်းနှီးမှုဖြစ်ပေါ်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အတန်းပေါင်းစုံ အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပပေးလျှက်ရှိကြောင်း၊ ယခုပြိုင်ပွဲမှာလည်း ထိခိုက်မှုမရှိဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြတာကို ဝမ်းသာဂုဏ်ယူမိပါကြောင်း စသည်ဖြင့်ပြောကြားကာ ပထမဆုရရှိခဲ့ကြသည့် ပဥ္စမနှစ်၊ ဒုတိယနှစ်ဝက်၊ အမျိုးသား ဘောလုံးအသင်း၊ စတုတ္ထနှစ်၊ ပထမနှစ်ဝက်၊ အမျိုးသမီး ဘောလုံးအသင်းနှင့် ဆုရရှိခဲ့ကြသည့် အသင်းများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲများတွင် စစ်ကိုင်း ခရိုင်/ မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့်နေရာများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment