နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲနှင့် သတင်းစာရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲနှင့် သတင်းစာရှင်းလင်းပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ ပူးပေါင်းကျင်းပသည့် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲအခမ်း အနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ပထမထပ်စုဝေးခန်းမ (၂) ၌ ကျင်းပသည်။


အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) မှ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ဆေးတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ရုရုားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)မှ ညွှန်ကြား ရေးမှူးချုပ် Mr. Alexey Evgen-ievich Likhachev က နျူကလီးယား နည်းပညာအကြောင်း သိကောင်း စရာများအား ရှင်းလင်းပြောကြားဆွေးနွေးသည်။


ယင်းနောက် ဟောပြောပွဲအခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းပြောကြားသည်။


ထို့နောက် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာဖွင့်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို အဆိုပါစင်တာ ပထမထပ်စုဝေးခန်းမ(၁)၌ဆက်လက်ကျင်းပရာ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev က သတင်းထောက်များ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)