မင်းဘူးမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်





MNP   -   ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစတင်ကာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး စုစုပေါင်း အားကစားနည်း ခုနှစ်မျိုး သင်ကြားပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။


အဆိုပါ နွေရာသီ အခြေခံအားကစား သင်တန်းများတွင် ဘော်လီဘော၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ Fitness Dance ၊ ဝူရှူး အားကစားနည်းများကို သင်ကြားပေးသွားမှာဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် လာရောက်သင်ကြားနိုင်စေရန်နှင့် မိမိတို့ဒေသတွင်းမှ အားကစားဝါသနာရှင်ပြည်သူများအနေဖြင့်လည်း အသက်ကြီး/ငယ် ကျားမ မရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး အခမဲ့လာရောက် စာရင်းပေးသင်ကြားနိုင်ကြောင်း မင်းဘူးမြို့ မြို့နယ်အားကစား မှူး ဒေါ်နှင်းနှင်းထံမှ သိရသည်။


ယင်းအားကစား သင်တန်းများကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ မတ်လ ပထမ ပတ်အထိ နှစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ကာ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ စစ်တုရင် သင်တန်းများကို ခရိုင်အားကစားရုံတွင် နံနက်ပိုင်း၌လည်းကောင်း Fitness Dance ၊ ဝူရှူး၊ မြန်မာ့သိုင်း၊ ဘော်လီဘော အားကစားနည်း သင်တန်းများကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ညနေပိုင်း၌ လည်းကောင်း ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်း ပြောပြ၍ သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)