ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်း ပရဟိတအဖွဲ့က သောက်သုံးရေ သိုလှောင်နိုင်ရန် ရေဂါလံ( ၅၀၀၀)ဆံ့ ရေအုတ်ကန် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်း ပရဟိတအဖွဲ့က သောက်သုံးရေ သိုလှောင်နိုင်ရန် ရေဂါလံ( ၅၀၀၀)ဆံ့ ရေအုတ်ကန် လှူဒါန်း




MNP  -   ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ အောင်မြေကုန်းတဲတိုက်သို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေ သိုလှောင်ပြီး တဲတိုက်နေပြည် သူများ ရေလုံလောက်စွာ သိုလှောင်ပြီးသုံးစွဲနိုင်ရန် ယနေ့နံနက်၉နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။


ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်းအပူပိုင်းဒေသတွင် ပါဝင်ပြီး ဆောင်းဦးပေါက်ရာသီမှ စတင်ပြီး သောက်သုံးရေခက်ခဲသည့် ကျေးရွာများပြားပြီး မြေသားမိုးရေလှောင်ကန်များ၊ မိုးရွာသွန်းချိန် အိမ်သွပ်မိတ်မှရေတလျောက်များ ပြုလုပ်ရေစုပြီး ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသိုလှောင်ပြီး ရေးရှားပါးချိန် သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျှက်ကျိုချက်ချိန် ရွာတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ထန်းတောထဲ ပြောင်းရွေ့ထန်းလျှက် ကျိုချက်ရာမှ ရွာအတွင်းသို့ ပြန်လည်ပြောင်းရွေ့ခြင်းမရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာနေထိုင်လာခဲ့ရာမှ အိမ်ခြေများလာပြီး တဲတိုက်များ ဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေအတွက် မြေသားရေလှောင်ကန်များ ဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့် နှစ်များတွင် မြေသားရေလှောင်ကန်များရေဝင်ကာ ရေအတွက် အခက်အခဲသိပ်မရှိကြပဲ ၊မိုးရွာသွန်းမှုနည်းသည့် နှစ်များတွင် သောက်သုံးရေ ခက်ခဲမှုကြုံ တွေ့နေရသည့် နှစ်များရှိခဲ့ကြောင်း အောင်မြေကုန်းတဲတိုက်မှ ထန်းတောင်သူ ဦးစိန်မင်းက ပြသည်။ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအဖွဲ့မှ ရေဂါလံ(၅၀၀၀)ဆံ့ ရေအုတ်ကန်များ လှူဒါန်းပေးခြင်း ၊တစ်ဦးချင်း အလှူရှင်များ လှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်းတဆင့် လှူဒါန်းပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယခုလှူဒါန်းသည့် ရေအုတ်ကန်သည် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိရေအုတ်ကန်း ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှလှူ ဒါန်းပေးခြင်းဖြစ်ကြောင်း သိရပြီး တောင်ဇင်းအုပ်စု၊ အောင်မြေသာတဲတိုက်တွင် အိမ်ခြေ ၃၂ အိမ်ထောင်စုရှိကြောင်းသိရကာ ရေဂါလံ (၅၀၀)ဆံ့ရေအုတ်ကန်အတွက် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတအဖွဲ့မှ (၂၁)ကျပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)