ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ


MNP   -   ဖေဖော်ဝါရီ ၂၄

ယခင်နှစ်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ပျိုးသည့်တောင်သူများမှ စိုက်ပျိုးစရိတ်ကုန်ကျမှု များပြားခဲ့သော်လည်း ငရုတ်ပွသီးနှံများမှာ အလွန်ကောင်းမွန်၍ သီးနှံအရွယ်အစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၄၀၀၀ ခန့်အထိရရှိခဲ့ကြောင်း၊ ဈေးကောင်းရရှိခဲ့ကြပြီး မိသားစုစားဝတ်နေရေးနှင့် ဈေးကွက်စီးပွားရေးအတွက် အဆင်ပြေခဲ့မှုတို့ကြောင့် ယခုနှစ်တွင်လည်းငရုတ်ပွသီးနှံစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။


ပင်းတယမြို့နယ်အနေနဲ့ စိုက်ပျိုးရေးကိုအဓိကထား အသက်မွေးဝမ်းကြောင်းပြုကြ၍ ရရှိလာ သည့်သီးနှံများကို အောင်ပန်းမြို့ပွဲရုံမှတစ်ဆင့် မြန်မာနိုင်ငံ မြို့ကြီးများသို့ ဖြန့်ဝေရောင်းချကြောင်းနှင့် ယခုအခါ ဇော်ဂျီရေထွက်ချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် ငရုတ်ပွစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အောင်ကိုဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)