မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP   -    ဖေဖော်ဝါရီ    ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက  မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုက အဖွင့်အမှာစကားပြောကြားရာတွင် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အားကစားသမားများအချင်းချင်း ရင်းရင်းနှီးနှီး စည်းလုံးချစ်ကြည်မှုဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမှတ်ရနေစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မအီမြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မြို့ပေါ်  ဖူဆယ်အားကစား ဝါသနာရှင်လူငယ်များ၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲအခမ်းအနားနေ့တွင် ပြည်ထဲရေးအသင်းနှင့် ဌာနဆိုင်ရာစုပေါင်းအသင်းတို့က ချစ်ကြည်ရေးအနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၌ အနိုင်ရအသင်းများကို ချီးမြှင့်ပေးသွားမည့် ဆုများအနေဖြင့် ပထမဆု- ၃၀၀၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀၀၀၀ ကျပ်နှင့် တတိယဆု- ၁၀၀၀၀၀ ကျပ်တို့ကို အသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ  သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)