မက်မန်းမြို့၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်


MNP   -    ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ အမျိုးသမီးများ အိမ်တွင်စီးပွားရေး တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်ရေးအတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းခြင်း၊ မက်မန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆပ်ပြာဆီသင်တန်းပြုလုပ် နည်းသင်တန်းအား ဖွင့်လှစ်ရာ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အမျိုးသမီးများ စုစုပေါင်း (၄၀)ဦး တက်ရောက် ခဲ့ကြသည်။ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့သည် ကျေးရွာများရှိ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် မုန့်လုပ်နည်းသင်တန်း၊ အချုပ်အလုပ်သင်တန်း၊ အိမ်တွင်းမှုသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုထံမှ သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)