(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲ ရမ်းဗြဲမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲ ရမ်းဗြဲမြို့၌ ကျင်းပ





MNP   -  ဖေဖေါ်ဝါရီ      ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃  ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြသည်။


အဆိုပါ ပြိုင်ပွဲကို အထက်တန်းအဆင့်၌  စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲအတွက် တန်ဖိုးထားအပ်သောပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်၌ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက် ပြည်ထောင်စုနေ့မြင်ကွင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပရာ အထက်တန်းအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ကြသည့်ကျောင်းသား/ကျောင်းသူ (၁၈)ဦး ၊ အလယ်တန်းအဆင့်၌ (၃၆)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၅၄)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။


(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြစ် ကျင်းပသည့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)