MNP - ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း အ.ထ.က(၂)ကျောင်းခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အထက(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာ ပုံ၊ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊စားသုံးသူနစ်နာဆုံးရှူံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့်တိုင် ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ခြင်း၊ အမှိုက်စို၊ အမှိုက်ခြောက် များကို ခွဲခြားစွန့်ပစ်ခြင်း၊ တစ်ကိုယ်ရည်အမှိုက်စွန့်ပစ်မှုလျှော့ချခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း စိမ်းလန်းစေရန်လုပ်ဆောင်ခြင်းများကို ကျောင်းသား၊ကျောင်းသူများမှတဆင့် အုပ်ထိန်းသူ မိဘများ၊ ရပ်ရွာလူထုများအထိပါရောက်ရှိစေရန်၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများပေါ် ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်စေရန်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည် ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် လူငယ်ရေးရာ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူးကတိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံအကြောင်း၊ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများအား ဗဟုသုတဖြစ်ဖွယ်အသိ ပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment