တောင်ကုတ်မြို့၌ စေတနာသွေးလှူရှင်အသင်းရုံးအဆောက်အဦသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ စေတနာသွေးလှူရှင်အသင်းရုံးအဆောက်အဦသစ်ဖွင့်ပွဲကျင်းပ




MNP    - ဖေဖေါ်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် စေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ရှေ့၌ကျင်းပသည်။


အဆောက်အဦသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၊ ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီလိမိတက်မှ မန်နေဂျာ ဦးမင်းတင်အောင် နှင့် ဝေသာလီဦးသောက်ရေသန့်လုပ်ငန်း မှ ဒေါ်ခင်သန်းနု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စု‌ပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။


အဆိုပါ စေတနာသွေးလှူရှင်အသင်းရုံးဆောက်လုပ်ရန်မြေနေရာ ကို ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီလိမိတက်မှ လှူဒါန်းခဲ့ပြီး အဆောက်အဦဆောက်လုပ်ရန်အတွက် ဝေသာလီဦးသောက်ရေ သန့်လုပ်ငန်းရှင် ‌ဒေါ်ခင်သန်းနု မှ မတည်လှူဒါန်းငွေကျပ်သိန်း(၁၂၀) နှင့် အများပြည်သူစုပေါင်းလှူဒါန်းငွေ ကျပ်(၄၇၆၂၄၄၅၀ိ)တို့ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ အလှူရှင်များနှင့်စေတနာသွေးရှင်အသင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)