မာန်အောင်မြို့နယ်မှတက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၂)ခုတွင်ကျောင်းသား/သူ (၄၂၃)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်မှတက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၂)ခုတွင်ကျောင်းသား/သူ (၄၂၃)ဦး ဝင်ရောက်ဖြေဆိုမည်


MNP  -  ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ်မှ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်  ကျောင်းသား၊ကျောင်းသူ (၄၂၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။  


   အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မာန်အောင် မြို့နယ်တွင် အ-ထ-ကမာန်အောင်စာစစ်ဌာနနှင့်အ-ထ-က(ခွဲ)စျေးတန်း စာစစ်ဌာန(၂)ခုတို့တွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်း သူ (၄၅)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ (၃၇၈)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၄၂၃)ဦးဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။


   မာန်အောင်မြို့နယ်၌ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅)ခုသတ်မှတ်၍ ကျောင်းသား/သူ(၁၁၆၃)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ(၅၃၇)ဦးအောင်မြင်ခဲ့သဖြင့်အောင်ချက်ရာနှုန်းမှာ၄၆•၁၇ရာခိုင်နှုန်း ရှိခဲ့ကြောင်းမြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)