မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမျိုးသန့်ခြံ ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း(၅၀)ဧက အပင်ဖြစ်ထွန်းအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမျိုးသန့်ခြံ ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း(၅၀)ဧက အပင်ဖြစ်ထွန်းအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှု








MNP   -    ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမျိုးသန့်ခြံ ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း(၅၀)ဧကသို့ ရောက်ရှိပြီး စပ်မျိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းအပင်ဖြစ်ထွန်းအောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း(၅၀)ဧကသို့ ရောက်ရှိစဉ် ပွင့်ဖြူမျိုးသန့်ခြံဝန်ထမ်းများမှ ရေဆင်း(၁) စပ်မျိုး နေကြာ လူဖြင့် ဝတ်မှုံကူးခြင်းကို လက်တွေ့ဆောင်ရွက်ပြသခဲ့ပြီး၊ ပွင့်ဖြူမျိုးသန့်ခြံ တာဝန်ခံ ဦးအောင်ချစ်မှ ရေဆင်း(၁)စပ်မျိုးနေကြာ(၅၀)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေပတ်သက်၍ ရှင်းလင်းတင်ပြရာ ရေဆင်း(၁) စပ်မျိုးနေကြာ အဖို(၁)လိုင်း၊ အမ(၄)လိုင်း စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း၊ တန်းကြား၊ ပင်ကြား၊ အနေဖြင့် ၂ ပေ ၉ လက်မ စနစ်ဖြင့် စိုက်ပျိုးထားရှိပါကြောင်း၊ လက်ရှိအသက်ရက် ၇၄ ရက်မှ ၇၇ ရက်သားရှိပြီဖြစ်ကြောင်း၊ ဝတ်မှုံကူးခြင်းဆောင်ရွက်ရာတွင် လူဖြင့်သာမက ပျားဖြင့် ဝတ်မှုံကူးခြင်းကို ပျားပုံးများချ၍ ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား စိုက်ခင်းရှင်းလင်းဆောင်တွင် မျိုးသန့်ခြံအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများအား ပွင့်ဖြူမျိုးသန့်ခြံ တာဝန်ခံ ဦးအောင်ချစ်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးတွင် မျိုးကွဲအလိုက် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆောင်းရာသီတွင် ရေဆင်း(၁) စပ်မျိုးနေကြာ (၅၀) ဧက နှင့် ရေဆင်း (၆) ကုလားပဲ (၅၀) ဧက စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များအား တောင်သူများသို့ ဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး မျိုးသန့်ခြံစိုက်ကွင်းအတွင်းမှ စိုက်ပျိုးထွက်ရှိသော ရေဆင်း (၁) စပ်မျိုးနေကြာ အပွင့်အရွယ်အစား(၁၁)လက်မ၊ (၈.၅)လက်မ၊(၆) လက်မ အရွယ်အစားရှိ နေကြာပွင့်များ၏ တစ်ပွင့်ပါအစေ့နှင့် အောင်စေ့ပါဝင်မှုအား လက်တွေ့ရေတွက် ပြသဆောင်ရွက်ကာ ကုလားပဲသီးနှံ ရေဆင်း(၆) မျိုုးကွဲတွင် တစ်ပင်ပါသီးလုံး အများဆုံး (၂၅၇) လုံးနှင့် အနည်းဆုံး (၇၇)လုံး ပါဝင်မှုအား ပြသခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  တက်ရောက်လာသည့် တောင်သူများအား သီးနှံများ၏ တစ်ဧက အထွက်နှုန်းသည် အထွက်မိတ်ဖက်များဖြစ်သည့် တစ်ဧက အပင်ဦးရေ၊ တစ်ပင်ပါ သီးတောင့်၊ တစ်တောင့်ပါအစေ့ပေါ်မူတည်၍ အထွက်နှုန်းများ ပြောင်းလဲနိုင်ကြောင်း၊ အထွက်နှုန်းတိုးတက်၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ရေးအတွက် အထွက် မိတ်ဖက်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီဖူလုံရေးနှင့် တောင်သူများ၏ တစ်ဧကဝင်ငွေ တိုးတက်စေရေးအတွက် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခု စိုက်ပျိုးထားရှိသော နေကြာမျိုးစေ့ထုတ်စိုက်ခင်းများမှ မျိုးစေ့များအား တောင်သူများအနေဖြင့် တစ်ဧကတင်း(၅၀)အထက် ရရှိအောင် စိုက်ပျိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် သုံးသီးဝင်ဆံ့အောင် ဆောင်ရွက်သွားကြရန် တောင်သူ များအား လမ်းညွှန်မှကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ပင်လယ်သစ်နှင့် လက်ခုတ်ပင်ကျေးရွာကြားရှိ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအားကြည့်ရှုပြီး စိုက်ခင်းများအတွင်း ငရုတ်သီးခူးဆွတ်နေသည့် ဒေသခံများအားတွေဆုံ၍  ငရုတ်စိုက်ပျိုး ဆောင်ရွက်မှုအခြေအနေများအား မေးမြန်း၍အားပေးစကားများပြောကြားကာ ငရုတ်သီး ဆွတ်ခူးဆောင်ရွက်နေသူများအား ရေသန့်နှင့် အချိုရည်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)