မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်


MNP ၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်တွင် လူငယ်များကာယ၊ ညဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို အခြေခံကျ နားလည်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားဟာ နိုင်ငံတိုင်းအတွက် ပိုမိုကောင်းမွန်သော လူအဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရာတွင်များစွာ အထောက်အကူပြုကြောင်း၊ လူငယ်မောင်မယ်များ၏ ကောင်းမွန်သော ဘဝဦးတည်ချက် ကြိုးပမ်းအားထုတ် လိုသည့်အသိတရား၊ တာဝန်သိမှု၊ ငြိမ်းချမ်းရေးကိုမြတ်နိုးတတ်မှုနှင့် လူသားချင်း ချစ်ကြည်ရင်းနှီးတတ်သော စိတ်ဓာတ်များပေါ်ထွန်းစေမှုဟာ အားကစားရဲ့ တန်ဖိုးများဖြစ်ကြောင်း၊ လူအဖွဲ့အစည်းကို ပညာရေးနဲ့ ဟန်ချက်ညီညီ တည်ဆောက်နိုင်ရေးအတွက် အားကစားက အထောက်အကူပြုပြီး၊ မျိုးဆက်သစ်လူငယ်များကိုလည်း ဗလ(၅)တန်နဲ့ ဟန်ချက်ညီစွာဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း မွန်ပြည်နယ်အတွင်း နွေရာသီအခြေခံအား ကစားသင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက်များတွင် ပြည်နယ်အဆင့်အားကစားနည်း (၇) မျိုး၊ ခရိုင်အဆင့် အားကစားနည်း (၅) မျိုးနဲ့ မြို့နယ်အဆင့်အားကစားနည်း (၅) မျိုး ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများ အားကစားကို စိတ်ပါဝင်စားစွာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအားလုံး အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့်သွားကြရန်နှင့် နည်းပြများမှ လည်း သားငယ်/သမီးငယ် သင်တန်းသား/သင်တန်းသူများအား မိမိမှာရှိသည့် ပညာရပ်များကို စနစ်တကျ သင်ကြားပေးပြီး ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံ ကြိုးစား၍၊ အားကစားနဲ့ မွန်ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင် သူများဖြစ်လာအောင် ကြိုးစားသင်ယူ လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းအတွက် လိုအပ်သည့် အားကစားပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ် က ထောက်ပံ့ပေးအပ်ကာ မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဘတ်စကက်ဘော၊ ကရာတေး၊ ဂျူဒို၊ စာပွဲတင်တင်းနစ်၊ စစ်တုရင်၊ Fitness Dance စသည့် အားကစားနည်း (၉) မျိုးဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူ (၅၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


စည်သူ

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)