ဇလွန်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အ.မ.ကလမ်းမတော်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ဇလွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဇလွန်-မောင်ပြေငြိမ်းက မျိုးချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့၍ အ.မ.က လမ်းမတော်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာများ၊ မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ များ၊ လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရူ့ခဲ့ကြပြီး (၇၆)နှစ် မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


ဝေယံ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)