ရသေ့တောင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်





MNP   -   ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 ရှေးဦးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကကျောင်းသား၊ ကျောင်းသူလေးများ သမိုင်းဝင် နေ့ထူးနေ့မြတ်များကို ရင်ထဲတွင် ထာဝစဉ် မှတ်သားသိရှိစေရန်၊  အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်ဟောပြောပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊သမိုင်းဝင်ပင်လုံစာချုပ်နှင့်ပတ်သက်သော အကြောင်းအရာများကို  ကျောင်းသား၊ကျောင်းသူလေးများသိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။


 ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကဟောပြောပွဲ တက်ရောက်သူကျောင်းသား၊ကျောင်းသူလေးများအား စားစရာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)