ဂွမြို့ အ.ထ.က၌ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ အ.ထ.က၌ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဂွမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတပြည့်စုံစေရန်၊ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊  ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်းကျင်းပရသည့်  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားအကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးဇော်မင်းသိန်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်တို့က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ 


ထိုနောက် ဆွေးနွေးပွဲကို လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်၍ Grade-11 မှကျောင်းသား၊ကျောင်းသူများဖြစ်သည့် မချမ်းပြည့်အိမ်က ဗလငါးတန်အကြောင်းခြုံငုံဆွေးနွေးခြင်း၊ မောင်ထက်အောင်ဝေက ကာယဗလဖွံ့ဖြိုးရေးရှုထောင့်မှ ဆွေးနွေးခြင်း ၊ မလင်းလက်ကျော်က ဉာဏဗလဖွံ့ဖြိုးရေးရှုထောင့်မှ ဆွေးနွေးခြင်း ၊ မလှိုင်ရွှေစင်ဦးက စာရိတ္တဗလ ဖွံ့ဖြိုးရေးရှုထောင့်မှ ဆွေးနွေးခြင်း ၊မောင်သန့်ဇင်ထွေးက မိတ္တဗလ ဖွံ့ဖြိုးရေး ရှုထောင့်မှ ဆွေးနွေးခြင်း ၊  မောင်ရဲထွဋ်အောင်က ဘောဂဗလဖွံ့ဖြိုးရေး ရှုထောင့်မှ ဆွေးနွေးခြင်းတို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပေးသည့်ကျောင်းသားကျောင်းသူများကို ပြန်/ဆက်ဒုဦးစီးမှအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ 


ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)