ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်လှစ်



MNP   -   ဖေဖော်ဝါရီ  ၂

မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုမွန်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်အေးသက်မွန်က မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုဆရာ၊ ဆရာမများ ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင်တွင် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာ၊ မူလတန်းသင်ရိုးမိတ်ဆက်၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် သင်ယူမှုဆိုင်ရာလုပ်ငန်းများနှင့် ပညာရေးမူဝါဒများကို သိရှိစေရန် ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းကို(၁-၂-၂၀၂၃)ရက်နေ့မှ (၅-၂-၂၀၂၃)ရက်နေ့အထိ သင်တန်းနည်းပြ(၄)ဦးမှ သင်တန်းသား၊ ဆရာ၊ ဆရာမ(၈၂)ဦးအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)