ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက ဂွမြို့နယ်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက ဂွမြို့နယ်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ





MNP   -    ဖေဖော်ဝါရီ    ၁၈

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် ယနေ့၊ နေ့လယ်(၁၁)နာရီအချိန်က သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာ တင်ပြချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရခြင်းဖြစ်သည့်အတွက် မိမိတို့မြို့နယ်တိုးတက်ရာတိုးတက်ကြောင်းဆောင်ရွက်ရာတွင် ပြည်သူများ၏ လိုအပ်များအား သိရှိရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများက ရပ်ကွက်/ကျေးရွာ/မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသခံပြည်သူများအလုပ်အကိုင်ရရှိရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြခဲ့ကြရာ  လက်ထောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)