MNP - ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နံနက် ၁၁နာရီ အချိန် ကရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက် ရှိ ပုပ္ပါရုံ ဘုန်းတော်ကြီးကျောင်းတွင်ယာယီနေရပ်စွန့်ခွာသူများစခန်းတွင် မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအားမြို့နယ်မီးသတ်ဦးစီးဌာနမှ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကလက် တွေ့သရုပ်ပြခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ သရုပ်ပြခြင်းနှင့်အသိပညာပေးရာတွင်မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်က နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ဟောပြောကြားခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment