သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်



MNP  -   ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ ယှဉ်ပြိုင် ကစားလျက်ရှိရာယနေ့မွန်းလွဲ ၃ နာရီအချိန်က ပထမပွဲစဉ်အဖြစ် စိုက်ပျိုးရေး(က) အသင်းနှင့် ရွာကြီးကျေးရွာအသင်းတို့ယှဉ်ပြိုင်ကြကြောင်း သိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း  ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့ပေါ် ရပ်ကွက်သုံးသင်းနှင့် ကျေးရွာအသင်းကိုးသင်းတို့က အုပ်စုလေးအုပ်စုခွဲကာ ဒီဇင်ဘာ ၃၁ ရက်က  စတင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ 


အုပ်စုပတ်လည်ပွဲများကို ဇန်နဝါရီ ၅ ရက်နေ့အထိ တစ်နေ့လျင်ပွဲစဉ် နှစ်ပွဲယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များနှင့်အကြိုဗိုလ်လုပွဲများကို ဇန်နဝါရီ ၆ ရက်မှ ၁၁ ရက်နေ့အထိ တစ်နေ့တစ်ပွဲ ယှဉ်ပြိုင်ကစားကာ ဗိုလ်လုပွဲကို (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့တွင်ယှဉ်ပြိုင်ကစားပြီး ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  နည်းစနစ်မှူးဦးဟိန်းဇာထွန်းထံကသိရသည်။


ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယရရှိသည့်အသင်းများကို  ဆုများချီးမြှင့်ပေးမည်ဖြစ်ပြီး  ပထမရရှိ သည့်အသင်းကို ဆုဖလား၊ဆုကြေးငွေနှင့်ရွှေတံဆိပ်ဆွဲပြား၊ ဒုတိယ ရရှိသည့်အသင်းကို ဆုကြေး ငွေနှင့်ငွေတံဆိပ်ဆွဲပြားများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)