ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေးလျက်ရှိ




MNP  -      ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆို မည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့ မွန်းလွှဲ ၁၂  နာရီ မှနေလယ် ၃ နာရီအထိ သက် ဆိုင်ရာ  စာစစ်ဌာနတွင် ထုတ်ပေးနေပြီ‌ဖြစ်‌ ကြောင်းသိရသည်။  


ရသေ့တောင်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ၊အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်းစာစစ်ဌာန(၂)ခုဖွင့်လှစ် ထားရှိသွားမည်​ဖြစ်ပြီး မြို့နယ်အတွင်း တက္က သိုလ် ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ   အတွင်း‌ဖြေ(၃၀)တွင်  ဦး ၊အပြင်ဖြေ(၁၄၂၀) ဦး ၊မြို့နယ်ချုပ် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၄၅၀ ဦး ရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲဖြေဆိုခွင့် ကတ်များအား  ယမန်နေ့မှစ၍   သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲဖြေဆိုချိန် မ တိုင် မှီအချိန်ထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းသား/ သူများ အနေဖြင့် မှတ်ပုံ တင် မိတ္တူ ၊ ဓါတ်ပုံ(၁)ပုံ  ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း) များ ယူဆောင် လာရ မည် ဖြစ် ကြောင်း သိရသည်။ 

 

ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)