ပေါက်တောမြို့၌ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင် ဓာတ်ပုံပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင် ဓာတ်ပုံပြပွဲပြုလုပ်





MNP    -    ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ Youth For All အဖွဲ့အစည်းမှ ကြီးမှူးပြီး ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများ၏  ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင် ဓာတ်ပုံပြပွဲကို  ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်အားကစားခန်းမ၌  ပြုလုပ်ကြသည်။ 


ရှေးဦးစွာ ANP မှ ဦးအောင်ကျော်ထွီး နှင့် ဆရာဦးကျော်ဟိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး Youth For All အဖွဲ့မှ  Founder ဦးရွှေသိန်း က မိမိတို့ဒေသအတွင်းရှိ မတူကွဲပြားသော မျိုးနွယ်စုများအကြား အချင်းချင်း ချစ်ခင်ရင်းနှီး လာပြီး အရောင်သွေးစုံလင်သော လူမှုအသိုက်အဝိုင်း တစ်ခုဖန်တီးရန် လိုအပ်ပါကြောင်း၊ မျိုးနွယ်စုတစ်ခု၏ ယဉ်ကျေးမှုကို အခြားသော မျိုးနွယ်စုများက သိမြင်လာပြီးလေးစားတန်ဖိုးထားရန်လိုအပ်ပါကြောင်း၊ မတူညီသောယဉ်ကျေးမှုကို အခြားသောမျိုးနွယ်စုအချင်းချင်းရှိ လူငယ်များကြားအချင်းချင်းဝိုင်းဝန်းလုပ်ဆောင်ရာမှတဆင့် မျိုးနွယ်စုအချင်းချင်းကြားပိုမိုရင်းနှီး ချစ်ခင်လာစေရန်လိုအပ်ကြောင်း၊ မတူညီသောမျိုးနွယ်စုများကြား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုပုံစံများကို ပွင့်ပွင့်လင်းလင်းသိမြင်လာကာ နားလည်လက်ခံလာပြီး မျိုးနွယ်စုအချင်းချင်း ဖေးမကူညီပေးနိုင်ရန်လိုအပ်ကြောင်း၊ မတူညီသောမျိုးနွယ်စုမှ လူငယ်များပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် လှုမှုအသိုက်အဝိုင်းအတွင်း အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြခြင်း၏ ပြရုပ်များကိုဖော်ထုတ် ထုစိုက်ရန်လိုအပ်ပါကြောင်း၊ မတူညီသော မျိုးနွယ်စုမှတစ်ဆင့် တစ်ဦးကိုတစ်ဦး နားလည်လက်ခံချစ်ခင်လာကြပြီး အရောင်အသွေးစုံလင်သည့် ဗဟုဝါဒလွှမ်းခြုံသော လှုမှုအသိုင်းအဝိုင်းကို ဖန်တီးနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ခန်းမအတွင်း ပြသထားသည့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများ၏  ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင် ဓာတ်ပုံများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ နှင့် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာလေ့ လာကြည့်ရှုကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)