ဒဂုံတက္ကသိုလ်၌ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံတက္ကသိုလ်၌ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကျင်းပ


MNP  -  ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ဦးဆောင်ကျင်းပသော(၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကို အဆိုပါတက္ကသိုလ်အရှေ့တိုင်း ပညာဌာနအဆောင် ၁၀ အခန်း(၃)တွင် ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်ပိုင်းက စုပေါင်းသွေးလှုဒါန်းခဲ့သည်။


ထို့နောက်သွေးလှုဒါန်းရာသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းနှင့်ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာဥမ္မာဆွေ(ပါမောက္ခ)ဌာနမှူး၊ သင်တန်းရေးရာဌာနမှူး ဦးသန်းစိုးဦး၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ အသင်းဝင်ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကသွေးလှုဒါန်းပွဲတွင် ပါဝင်လှုဒါန်းကြသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ကြည့်ရူအားပေးစကားများ ပြောကြားသည်။


အဆိုပါသွေးလှုဒါန်းပွဲသို့ ရန်ကုန်အမျိုသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့် ဆရာဝန်များ၊ သူနာပြုနှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ‌ဒုဥက္ကဋ္ဌဒေါ်အမယာမော်နိုင်၊ ရှေ့ဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူးဦးထိန်လင်းနှင့် တိုင်းဦးစီးမှူးဦးခင်မောင်လေး၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်တပ်ဖွဲ့မှူးဦးခင်သန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးစိုးမြင့်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မရမ်းကုန်းမြို့နယ်ကြက်‌ခြေနီသူနာတပ်ဖွဲ့မှတာဝန်ရှိသူနှင့် အဖွဲ့တို့ပါဝင်ကြီးကြပ်ကာ လိုအပ်သည် အကူအညီများ ပံ့ပိုးဆောင်ရွက်ခဲ့ပြီးနောက် သွေးလှုဒါန်းရာ၌ ဒဂုံတက္ကသိုလ်မှသွေးလှုရှင်ဆရာ၊ ဆရာမ(၁၃)ဦးနှင့် ကျောင်းသား၊ကျောင်းသူ (၁၁၂)ဦး စုစုပေါင်း(၁၂၅)ဦး ပါဝင်လှုဒါန်းခဲ့ကြောင်း သိရသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)