ပေါက်တောမြို့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်






MNP   -   ဖေဖော်ဝါရီ      ၃

ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပေါက်တောမြို့သို့ စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော် နှင့် မြို့နယ်ပြည်သူ့ဆေးရုံးတို့တွင် ဆေးကုသရာ နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့က သံဃာတော်များ၊သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူတို့ကို မျက်စိရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊အရိုး/အကြော ရောဂါ၊ နား၊နားခေါင်း၊လည်ချောင်းရောဂါ၊ စိတ်ကျန်းမာရေး ရောဂါ၊ အရေပြား ရောဂါ၊ ထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကု သမှုများ ဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးသည်။


ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သက်လွင်၊တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ညှိနှိုင်ဆောင်ရွက်ပေးပြီး ဆေးဝါးကုသခံယူနေသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)